၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဒဿမအကြိမ်မြောက် ဝန်ကြီးဌာနမိသားစုဘုံကထိန်ဆက်ကပ်လှူဒါန်းမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ ဒဿမအကြိမ်မြောက်ဝန်ကြီးဌာန မိသားစုဘုံကထိန်ကျင်းပဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့ တံခွန်တိုင်ကျောင်းတိုက် ဆရာတော်ဒေါက်တာဘန္တဝါယမထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားတော်မူကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်များထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပျဉ်းမနားမြို့ ကိုးခန်းကျောင်းတိုက် ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံမှ အနုမောဒနာတရားများနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေကြပါသည်။ အခမ်းအနားအပြီးတွင် ဝန်ကြီးဌာနမိသားစုမှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါကြောင်းနှင့် လှူဒါန်းငွေမှာ ပစ္စည်းတန်ဘိုးငွေ- (၁၉၉၅၅၀၀) ကျပ်၊ ဝတ္တုငွေ- (၈၇၀၀၀၀) ကျပ် ၊ စုစုပေါင်း (၂၈၆၅၅၀၀) ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events