၂၀၁၅ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများ ကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိရာ (၁၈-၁၁-၂၀၁၅) ရက်နေ့တွင် Myanmar Land and Development Limited မှ ငွေကျပ် (၁၀၀,၀၀,၀၀၀/-)၊ အမှတ်(၁)၊ ကာကွယ်ရေးပစ္စည်းစက်ရုံအရာရှိ စစ်သည်မိသားစုများမှ ငွေကျပ် (၁၁,၀၀,၀၀၀/-)၊ ဦးအောင်လင်း+ ဒေါ်ခင်သန်းနွဲ့၊ ဆရာခိုဓောဓံဓ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရန်ကုန်မြို့မှ ငွေကျပ် (၂၀,၀၀,၀၀၀/-) နှင့် Ambassade D Aandorre၊ Commerz Bank မှ အမေရိကန်ဒေါ်လာ (၅၄၂၉.၉၁) ကို နိုင်ငံခြားအလှူငွေစာရင်းအမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်မှ လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၈-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၉၀၃၈၈,၃၇,၈၈၅/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၅၄၁၂၃၂.၄၀)၊ ယွမ် (၅၀၀၀၀)၊ ဂျပန်ယန်း (၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကိုဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်း ရရှိပါသည်။
အလှူငွေစာရင်းများနှင့် သုံးစွဲလက်ကျန်စာရင်းများ