မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၁၁-၂၀၁၅) ရက်နေ့အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၉၀၂၅၇,၃၇,၈၈၅/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၅၃၅၈၀၂.၄၉)၊ ယွမ် (၅၀၀၀၀) နှင့် ဂျပန်ယန်း (၁၈၀၄၀) လက်ခံရရှိမှုသတင်း

၁။      ၂၀၁၅ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိရာ (၁၆-၁၁-၂၀၁၅) ရက်နေ့တွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ၀န်ကြီးဌာနနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသော ပြည်တွင်း/ ပြည်ပသစ်လုပ်ငန်းရှင်များမှ အမေရိကန်ဒေါ်လာ(၁၀၀,၀၀၀)၊ မြန်မာငွေကျပ် (၈၇၇၈,၃၀,၀၀၀)နှင့် အမေရိကန်ဒေါ်လာ (၃၀၆၄၁၉.၁)တန်ဖိုးရှိ အ၀တ်အထည်မျိုးစုံကွန်တိန်နာ (၄) လုံး၊ PINGZHOU JAWELLY & ASSOCIATION မှ ကျပ် (၇၁,၂၂,၀၇၂) တို့ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဦးဘုန်းဆွေနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင််တို့မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။        ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လက်ခံရရှိထားသော ထိုင်းဘတ်(၆၅၀၀)ကို မြန်မာငွေဖြင့် လဲလှယ်ထည့်သွင်းငွေကျပ် (၂၃၃၃၅၀) ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၆-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၉၀၂၅၇,၃၇,၈၈၅/၆၁ ပြား)၊ အမေရိကန်ဒေါ်လာ (၃၅၃၅၈၀၂.၄၉)၊ ယွမ်(၅၀၀၀၀)နှင့် ဂျပန်ယန်း (၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

၃။ လက်ခံရရှိသော အလှူငွေစာရင်းများနှင့် သုံးစွဲလက်ကျန်စာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်-

အလှူငွေစာရင်းများနှင့် သုံးစွဲလက်ကျန်စာရင်းများ

Sign Up

Upcoming Events