မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၁-၁၁-၂၀၁၅) ရက်နေ့အထိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းသည့် အလှူငွေစုစုပေါင်း ကျပ် (၈၁၄၀၂,၅၂,၄၆၃/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၄၃၅၈၀၂.၄၉)၊ ယွမ် (၅၀၀၀၀) ၊ ဂျပန်ယန်း (၁၈၀၄၀) နှင့် ထိုင်းဘတ် (၆၅၀၀) လက်ခံရရှိမှုသတင်း

၂၀၁၅ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုများကြောင့် ဘေးသင့် ပြည်သူ များအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်း များ၊ပြည်သူများက အလှူငွေများပေးအပ်လှူဒါန်းလျှက်ရှိရာ (၁၁-၁၁-၂၀၁၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ထိုင်းနိုင်ငံ၊ T.SN Human System Co.,Ltd နှင့် မြန်မာနိုင်ငံ Labour Asia Services Co.,Ltd မှ ထိုင်းဘတ် (၆၅၀၀) လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၁-၁၁-၂၀၁၅)ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၈၁၄၀၂,၅၂,၄၆၃/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၄၃၅၈၀၂.၄၉)၊ ယွမ်(၅၀၀၀၀)၊ ဂျပန်ယန်း (၁၈၀၄၀)၊ ထိုင်းဘတ် (၆၅၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

အလှူငွေလက်ခံရရှိမှုစာရင်း

Sign Up

Upcoming Events