လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာြမတ်ြမတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း လူမှုစီးပွားဘဝမြင့်မားရေးအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှားကားပြောကြားသည်။
ထို့နောက် ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် (၇) ပေသွပ်များနှင့် အလှူငွေများ၊ ရပ်ကွက်တွင်းနှင့် ကျေးရွာချင်း ဆက်ကွန်ကရစ်လမ်းများ၊ ဝန်ကြီးဌာနအသိအမှတ်ပြုကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၈) ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ် ထောက်ပံ့ငွေ (၆)သိန်းကျပ်စီနှင့် သင်ထောက်ကူပစ္စည်းများ၊ မသန်စွမ်းသူများအတွက် ဝှီးချဲများ၊ ရွာလုံးကျွတ်မီးလင်းရေး ကျေးရွာ (၄) ရွာအတွက် အင်ဂျင်မီးစက် (၁) လုံးစီ၊ ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာမူကြိုကျောင်းဆောက်လုပ်ရန်အတွက် (၂၀၀) သိန်း၊ စုစုပေါင်းငွေသား (၃၇၅) သိန်းနှင့် (၃၁၈) သိန်းခန့်တန်ဖိုးရှိသော လူမှု စီးပွားဘဝမြင့်မားရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးသည်။ နေ့လယ်ပိုင်းတွင် သဲအိမ်ကျောင်းစုကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှလှူဒါန်းသော အင်ဂျင်မီးစက်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
နိုဝင်ဘာ (၂၂) ရက်တွင် အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ရိုးကုန်းကျေးရွာနှင့် ဆိပ်မအနောက်ကျေးရွာတို့တွင် အင်ဂျင်မီးစက်ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်သည်။ ထို့နောက်ဖျာပုံမြို့ပေါ်ပြည်သူ့ပန်းခြံအတွင်း ကလေးအားကစားကွင်းတည်ဆောက်ရန် မြေနေရာအား ကြည့်ရှု့သည်။
နိုဝင်ဘာ (၂၃) ရက်၊ နံနက်ပိုင်းတွင် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာအဘိုးဆောင်သစ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးသူများ စောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈/၁၉) ရပ်ကွက်နှင့် ချောင်းတွင်း ရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးသူငယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး ကနဦီးစီမံချက် ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်အားပေးပြီး ဝါပသံဃာ့ဒါနဘုံဆွမ်းလောင်းအသင်း၊ ဖျာပုံမြို့ပေါ်ပြည်သူ့ပန်းခြံအတွင်း ကလေးအားကစားကွင်းနှင့် မြစိမ်းကန်ကျေးရွာ ရေဆင်းတံတားတို့အတွက် ထောက်ပံ့ငွေများပေးအပ်သည်။ ၄င်းနောက် ဒေးဒရဲမြို့ မင်္ဂလာကန်ကျောင်းတိုက်၌ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းပို့ချနေမှုအား ကြည့်ရှု့အားပေး၍ ယဉ်ကျေးလိမ္မာစာအုပ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။