၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများ အတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူ ငွေများပေးအပ်လှူဒါန်းလျက်ရှိရာ (၁၂-၁၁-၂၀၁၅) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်)၌ ဦးအောင်သန်း+ဒေါ်တင်တင်ဝင်း (သားသမီးမြေးတစ်စု) မှ အလှူ ငွေကျပ် (၁၀၀,၀၀၀/-) လာရောက်လှူဒါန်းရာ အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံ ရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးစံတင်+ဒေါ်ရင်မေ (မိသားစု) မှ ငွေကျပ်(၁,၀၀,၀၀၀/-) နှင့် ဦးစံတင်+ ဒေါ်ရင်မေ(မိသားစု)မှ သံဃာတော်နှင့် သီလရှင်များအတွက် ငွေကျပ် (၁,၀၀,၀၀၀/-)၊ စုစုပေါင်း ငွေကျပ်(၂၀၀,၀၀၀/-) လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၁၂-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၈၁၄၀၅,၅၂,၄၆၃/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၄၃၅၈၀၂.၄၉)၊ ယွမ် (၅၀၀၀၀)၊ ဂျပန်ယန်း(၁၈၀၄၀)၊ ထိုင်းဘတ် (၆၅၀၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။