၂၀၁၅ခုနှစ် ဇွန်လ မှ အောက်တိုဘာလထိ ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ နိုဝင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ Myanmar Land and Development Co. Ltd. မှ (၁၀၀) သိန်း၊ အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အရာရှိစစ်သည်များမိသားစုများမှ (၁၁) သိန်းနှင့် ဦးအောင်လင်း+ဒေါ်ခင်သန်းနွဲ့ ဆရာခို ဓောဓံဓတိုင်းရင်း ဆေးဝါးထုတ်လုပ်ရေး၊ရန်ကုန်မြို့ မှ (၂၀) သိန်း တို့ကို ပေးအပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ၊ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။