ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တန်ဖိုးသင့်နေအိမ်များ၊ ငွေသားနှင့် အဝတ်အထည်များ လှူဒါန်းခြင်း အခမ်းအနားကို နိုဝင်ဘာလ (၁၆) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ အလှူရှင် မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီစေတနာရှင်များမှ အလှူငွေများကို ပေးအပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင် တို့က ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားပါသည်။
အဆိုပါလှူဒါန်းပွဲတွင် ပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ဦးစီးပြီး ချင်းပြည်နယ် ရေဘေးသင့်ဒေသများပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် အလှူရှင်မိသားစုများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီ စေတနာရှင်များမှ နေအိမ်(အကြီး) (၈၄) လုံးအတွက် မြန်မာငွေကျပ် (၃၇၂၉.၆) သိန်း၊ နေအိမ်(အသေး) (၂၇) လုံးအတွက် မြန်မာငွေကျပ် (၁၀၀၉.၈) သိန်းနှင့် ငွေသား မြန်မာငွေကျပ် (၄၁၁၀.၁၂) သိန်း စုစုပေါင်း မြန်မာငွေ (၈၈၄၉.၅၂) သိန်း၊ အမေရိကန်ဒေါ်လာ (၁) သိန်းနှင့် အမေရိကန်ဒေါ်လာ (၃.၀၆) သိန်းခန့် တန်ဖိုးရှိသော အဝတ်အထည်များကို လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။