Author Archives: RRD
-
သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်အတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၆-၅-၂၀၁၆) ရက်နေ့၊ ည (၈:၃၀) အချိန်တွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် (တောင်ထန်းမိုး၊ ထရံကာ) နေအိမ် (၁) လုံးမီးလောင်ကျွမ်းခဲ့ပြီး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၆ ) ရက်နေ့တွင် ဆန် (၃) ရက်စာဘိုးငွေကျပ် (၅,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀,၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာ၌ (၂၅-၅-၂၀၁၆)ရက်နေ့၊ ည (၂၃း၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုပျက် အိမ်ခြေ (၁၆) လုံးနှင့် အမိုးလန် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၈၆၀,၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၆၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၅၈,၅၀၀) ကျပ်၊ ပြိုပျက် နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အမိုးလန် နေအိမ်များအတွက် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အား The World Bank မှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၇ ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘာ့ဘဏ်မှ Country Manager ဖြစ်သူ Mr. Abdoulaye Seck ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကမ္ဘာ့ဘဏ်မှ ကူညီပံ့ပိုးပေးနေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ၂၀၁၅ ခုနှစ်၊ ရေဘေးတွင် Post Disaster Needs Assessment of Floods and Landslides စာအုပ်ထုတ်ဝေခဲ့ခြင်းကိစ္စရပ်များ၊ … Read more
-
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ပြုလုပ်မှုသတင်း
သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် (၂၇-၅-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၌ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများထံသို့ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ (၁-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ (၆၆၇၉) ဦး လေဘေးသင့်ခဲ့ရပြီး အဆိုပါလေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဘိုးငွေကျပ် (၆၀၁၁၁၀၀) ကို လည်းကောင်း၊ ကြံခင်းမြို့နယ်၊ အုပ်စု (၂) စု၊ ရွာ (၆) ရွာ၌ (၄- ၅- ၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၂) လုံး ပြိုကျခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၂၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၄၄၀၀၀၀) နှင့် ဘေးသင့်လူဦးရေ … Read more
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပစ္စည်းထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုနှင့် ရသေ့ပျံကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျက်စီးနေအိမ်များနှင့် အမိုးလန်နေအိမ်များအတွက် (၂၅-၅-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ပြီး ဘေးသင့်ပြည်သူများအား ပြည်နယ်ဦးစီးမှူးမှ အားပေးစကားပြောကြားခဲ့ကြောင်းသိရပါသည်။
-
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တို့တွင် မြေပြိုဘေးနှင့် လေဘေးအတွက်ထောက်ပံ့မှုသတင်း
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၁)ရပ်ကွက် (၁၉-၅-၂၀၁၆)ရက်နေ့၌ ဖြစ်ပွား ခဲ့သော မြေပြိုဘေးနှင့် လိပ်သိုမြို့၊ ခေးချီးကျေးရွာ (၂၁-၅-၂၀၁၆)ရက်နေ့၌ ြဖစ်ပွားခဲ့သော လေဘေး တို့ကြောင့် ဘေးဒုက္ခခံစားရသော အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၀)ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၂)စုစာ၊ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၃)ရက်စာအတွက် ငွေကျပ် (၅၉၀၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၅၉၀၀၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ (၂၆-၅-၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်နှင့် မြရတနာရပ်ကွက် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်နှင့် မြရတနာရပ်ကွက်တို့၌ (၂၃-၅-၂၀၁၆) ရက်နေ့နှင့် (၂၄-၅-၂၀၁၆) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မရမ်းကုန်းရပ်ကွက်၌ နေအိမ် (၁) လုံးပြိုကျခဲ့ပြီး မြရတနာရပ်ကွက်၌ နေအိမ် (၁) လုံးမှာ အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀၀၀၀) ကိုလည်းကောင်း၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၀၀၀၀) ကိုလည်းကောင်း … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကုလားမတောင်ကျေးရွာအတွင်းတွင် သောက်သုံးရေကန် တိုးချဲ့တူးဖော်ရန်အတွက် ငွေ (၁၅၀၀၀၀၀) ကျပ်တစ်ဆယ့်ငါးသိန်း လွှဲပြောင်းပေးအပ်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကုလားမတောင်ကျေးရွာအတွင်းတွင် သောက်သုံးရေကန် (၁၀၀×၅၀) ပေ တိုးချဲ့တူးဖော်ရန် ကုန်ကျစရိတ်ငွေ (၁၅၀၀၀၀၀) ကျပ်တစ်ဆယ့်ငါးသိန်းတိတိအား (၂၆-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ ပိုးလောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး (ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆင်သားမွေးကျေးရွာရှိ စက်ရေတွင်းအတွက် စက်သုံးဆီဘိုးငွေ ထောက်ပံ့ပေးအပ်မှုသတင်း
ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆင်သားမွေးကျေးရွာရှိ စက်ရေတွင်းအတွက် စက်သုံးဆီဘိုးငွေကျပ် (၁၁၀၀၀၀) ကို ကျေးရွာတာဝန်ရှိသူတစ်ဦးထံသို့ (၂၆-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)
