ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ကုလားမတောင်ကျေးရွာအတွင်းတွင် သောက်သုံးရေကန် (၁၀၀×၅၀) ပေ တိုးချဲ့တူးဖော်ရန် ကုန်ကျစရိတ်ငွေ (၁၅၀၀၀၀၀) ကျပ်တစ်ဆယ့်ငါးသိန်းတိတိအား (၂၆-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ ပိုးလောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး (ကဆရ)