ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တို့တွင် မြေပြိုဘေးနှင်‌့ လေဘေးအတွက်ထောက်ပံ့မှုသတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ အမှတ်(၁)ရပ်ကွက် (၁၉-၅-၂၀၁၆)ရက်နေ့၌ ဖြစ်ပွား ခဲ့သော မြေပြိုဘေးနှင်‌့ လိပ်သိုမြို့၊ ခေးချီးကျေးရွာ (၂၁-၅-၂၀၁၆)ရက်နေ့၌ ြဖစ်ပွားခဲ့သော လေဘေး တို့ကြောင့် ဘေးဒုက္ခခံစားရသော အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၀)ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၂)စုစာ၊ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာ (၃)ရက်စာအတွက် ငွေကျပ် (၅၉၀၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၅၉၀၀၀)အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် သံတောင်ကြီးမြို့နယ်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ (၂၆-၅-၂၀၁၆)ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။

Sign Up

Upcoming Events