ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပစ္စည်းထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုနှင့် ရသေ့ပျံကျေးရွာအုပ်စုတို့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပျက်စီးနေအိမ်များနှင့် အမိုးလန်နေအိမ်များအတွက် (၂၅-၅-၂၀၁၆)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ပြီး ဘေးသင့်ပြည်သူများအား ပြည်နယ်ဦးစီးမှူးမှ အားပေးစကားပြောကြားခဲ့ကြောင်းသိရပါသည်။

Sign Up

Upcoming Events