ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

kty22

 

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာ၌ (၂၅-၅-၂၀၁၆)ရက်နေ့၊ ည (၂၃း၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုပျက် အိမ်ခြေ (၁၆) လုံးနှင့် အမိုးလန် နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၈၆၀,၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၆၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၅၈,၅၀၀) ကျပ်၊  ပြိုပျက် နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့်  အမိုးလန် နေအိမ်များအတွက် ပစ္စည်း (၄) မျိုး တို့အား (၂၇-၅-၂၀၁၆) ရက်နေ့၊ နံနက် (၀၉:ဝ၀) နာရီအချိန်တွင် ဘိုကလေးထွေအုပ်ရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events