ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ (၁-၅-၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူဦးရေ (၆၆၇၉) ဦး လေဘေးသင့်ခဲ့ရပြီး အဆိုပါလေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဘိုးငွေကျပ် (၆၀၁၁၁၀၀) ကို လည်းကောင်း၊ ကြံခင်းမြို့နယ်၊ အုပ်စု (၂) စု၊ ရွာ (၆) ရွာ၌ (၄- ၅- ၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ် (၂) လုံး ပြိုကျခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၀၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၂၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၄၄၀၀၀၀) နှင့် ဘေးသင့်လူဦးရေ (၈၅) ဦးအတွက် ဆန်ရိက္ခာဘိုးငွေကျပ် (၇၆၅၀၀) နှင့် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် သင်္ကန်း (၁) စုံလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် သင်္ကန်း (၃) စုံတို့ကို ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ (၂၆-၅-၂၀၁၆) ရက်နေ့တွင် ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)