ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်နှင့် မြရတနာရပ်ကွက် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုအခြေအနေသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်နှင့် မြရတနာရပ်ကွက်တို့၌ (၂၃-၅-၂၀၁၆) ရက်နေ့နှင့် (၂၄-၅-၂၀၁၆) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မရမ်းကုန်းရပ်ကွက်၌ နေအိမ် (၁) လုံးပြိုကျခဲ့ပြီး မြရတနာရပ်ကွက်၌ နေအိမ် (၁) လုံးမှာ အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀၀၀၀) ကိုလည်းကောင်း၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၂၀၀၀၀) ကိုလည်းကောင်း ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ (၂၆-၅-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events