(၂၆-၅-၂၀၁၆) ရက်နေ့၊ ည (၈:၃၀) အချိန်တွင် သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် (တောင်ထန်းမိုး၊ ထရံကာ) နေအိမ် (၁) လုံးမီးလောင်ကျွမ်းခဲ့ပြီး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၆ ) ရက်နေ့တွင် ဆန် (၃) ရက်စာဘိုးငွေကျပ် (၅,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၅၀,၀၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)