လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အား The World Bank မှ လာရောက်တွေ့ဆုံခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၇ ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကမ္ဘာ့ဘဏ်မှ Country Manager ဖြစ်သူ Mr. Abdoulaye Seck ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ကမ္ဘာ့ဘဏ်မှ ကူညီပံ့ပိုးပေးနေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ၂၀၁၅ ခုနှစ်၊ ရေဘေးတွင် Post Disaster Needs Assessment of Floods and Landslides စာအုပ်ထုတ်ဝေခဲ့ခြင်းကိစ္စရပ်များ၊ Country Partnership Framework ကိစ္စရပ်များ၊ ကမ္ဘာ့ဘဏ်နှင့် မြန်မာနိုင်ငံတို့ လက်တွဲလုပ်ကိုင်နေမှုများတွင် ရှေ့ဆက်ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များ၊ အရေးပေါ်တုန့်ပြန်သည့်စနစ် အကောင်အထည်ဖော်မည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ လိုအပ်ချက်များအပေါ် ကမ္ဘာ့ဘဏ်မှအနာဂတ်တွင် ကူညီပေးနိုင်သည့် နည်းလမ်းများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events