Author Archives: Aye Kyimann

  • လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း

    နေပြည်တော်၊၂၉-၃-၂၀၁၇ လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းတဲ့ လူငယ်မူဝါဒ ပေါ်ပေါက်လာစေရေး၊လူငယ် များကိုယ်တိုင်ရေးဆွဲရမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပံ့ပိုးကူညီနိုင်ရေးအတွက် လူငယ်များ ရဲ့အသံကိုအမြဲနားထောင်ပါကြောင်း၊ လူမှုအသိုက်အဝန်းတစ်ခုရဲ့အကျိုး အတွက် လူငယ်မူ ၀ါဒကို ရေးဆွဲခြင်းဖြစ်ပြီး လူကြီးများထံကအကြံဉာဏ် လည်းရယူရမည်ဖြစ်ကြောင်း၊ လူကြီး များအနေဖြင့်လည်း အတိတ်ကရုန်းထွက်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်သူများဖြစ်တဲ့ လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးဖို့လိုကြောင်း၊ ဖြစ်အောင်လည်း ပံ့ပိုးကူညီ ရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ခေတ်အခြေအနေအပြောင်းအလဲကိုလည်း သိဖို့လို ကြောင်း၊ လက်တွေ့ကြုံတွေ့နေရတဲ့အခြေအနေ၊ အခက်အခဲများကို ထည့်သွင်း စဉ်းစားပြီး တိုင်းပြည်အတွက်ပုံဖော်နိုင်မည့် လူငယ်မူဝါဒဖြစ်အောင်ရေးဆွဲဖို့ လိုကြောင်း၊ ဒီမိုကရေစီ အဆင့်အတန်းနှင့် အညီလူတိုင်းအခြေခံလူအခွင့် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည်  (၂၇-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများအား ပွင့်လင်းရာသီအတွင်း ရာသီအလိုက်ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် လေဘေးကြိုတင်ပြင်ဆင်ရေးကိစ္စများအား အလေးထားဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် များပါဝင်သည့် DAN mobile Application နှင့်သဘာဝဘေးကြုံတွေ့ပါက ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူနိုင်သည့် Kobo Collect Application Mobile အကြောင်းများ ရှင်းလင်းဆွေနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ဒီးဒူးကုန်းကျေးရွာရှိ ထူပါရုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲအားပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူ ကျေးရွာပြည်သူများအား လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်‌ဝေခြင်းနှင့် DAN Mobile Application ဖြန့်‌ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့၊ (၁၅းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၁၃၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့၊ (၁၃းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ယောချောင်းကျေးရွာနေပြည်သူများအား သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး မြန်မာဘာသာနှင့် ရခိုင်ဘာသာ နံရံကပ်စာစောင်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီီ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်တွင် အက်ရှင်အေ့ဒ်မြန်မာ (ဖျာပုံ)နှင့် ပူးပေါင်း၍ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များအား လျင်မြန်စွာတုံံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို (၂၀-၃-၂၀၁၇) ရက်နေ့့၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ (၂၀-၃-၂၀၁၇) မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more

  • ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်၊ စျေးတန်း(ကွက်သစ်ရပ်) တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့နှင့်ပူးပေါင်း၍ စျေးတန်း (ကွက်သစ်ရပ်) ရှိပြည်သူများအား ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့်အကြောင်းအရာများဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊  ပိုစတာများအား တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်တွင် (၁၈-၃-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေး၌ ဘေးသင့်အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၂၂) စု၊ လူဦးရေ (၈၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၃) ရက်စာ (၈၀၁၀၀/-) နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၅၅၀၀၀၀/-) အား (၁၉-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events