ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီီ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်ခြင်း

21_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့၊ ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်တွင် အက်ရှင်အေ့ဒ်မြန်မာ (ဖျာပုံ)နှင့် ပူးပေါင်း၍ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များအား လျင်မြန်စွာတုံံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို (၂၀-၃-၂၀၁၇) ရက်နေ့့၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ (၂၀-၃-၂၀၁၇) မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိ (၄) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events