လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့၏ တတိယအကြိမ်အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း

နေပြည်တော်၊၂၉-၃-၂၀၁၇

လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းတဲ့ လူငယ်မူဝါဒ ပေါ်ပေါက်လာစေရေး၊လူငယ် များကိုယ်တိုင်ရေးဆွဲရမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပံ့ပိုးကူညီနိုင်ရေးအတွက် လူငယ်များ ရဲ့အသံကိုအမြဲနားထောင်ပါကြောင်း၊ လူမှုအသိုက်အဝန်းတစ်ခုရဲ့အကျိုး အတွက် လူငယ်မူ ၀ါဒကို ရေးဆွဲခြင်းဖြစ်ပြီး လူကြီးများထံကအကြံဉာဏ် လည်းရယူရမည်ဖြစ်ကြောင်း၊ လူကြီး များအနေဖြင့်လည်း အတိတ်ကရုန်းထွက်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်သူများဖြစ်တဲ့ လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးဖို့လိုကြောင်း၊ ဖြစ်အောင်လည်း ပံ့ပိုးကူညီ ရမှာဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ခေတ်အခြေအနေအပြောင်းအလဲကိုလည်း သိဖို့လို ကြောင်း၊ လက်တွေ့ကြုံတွေ့နေရတဲ့အခြေအနေ၊ အခက်အခဲများကို ထည့်သွင်း စဉ်းစားပြီး တိုင်းပြည်အတွက်ပုံဖော်နိုင်မည့် လူငယ်မူဝါဒဖြစ်အောင်ရေးဆွဲဖို့ လိုကြောင်း၊ ဒီမိုကရေစီ အဆင့်အတန်းနှင့် အညီလူတိုင်းအခြေခံလူအခွင့် အရေးရရှိရေးအတွက်ကိုလည်း မိမိတို့ အစိုးရအဖွဲ့ကဖော်ဆောင်ပေးလျက် ရှိကြောင်း၊ ငြိမ်းချမ်းတဲ့ဒေသမှာနေတဲ့ လူငယ်များအနေဖြင့် မငြိမ်းချမ်းတဲ့ဒေမှာနေတဲ့ လူငယ်များရဲ့အခက်အခဲများကို နားလည်ပေးဖို့လို အပ်ပြီး ကြုံတွေ့နေရတဲ့စိန်ခေါ်မှုများ၊ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်း များကို ထည့်သွင်းဖော်ဆောင်ပေးဖို့လိုကြောင်း၊ လူငယ်မူဝါဒတွင် လူငယ်ကဏ္ဍများဖြစ်တဲ့ လူငယ် နှင့်ဒီမိုကရေစီ၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပရဟိတလုပ်ငန်း၊ လူငယ်နှင့်စွန့်ဦးတီထွင်မှု၊ ဆယ်ကျော် သက်နှင့်  ကျား/မ သဘာဝ၊ လူငယ်နှင့်ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ထည့်သွင်းရေး ဆွဲရမှာဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များတွင် အခက်အခဲများရှိမည်ဖြစ် သော်လည်း အောင်မြင် အောင် ဆောင်ရွက်မယ်ဆိုတဲ့ သံဓိဌာန်ချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ယနေ့ နံနက်ပိုင်းက နေပြည်တော် Hotel Max တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူငယ်မူဝါဒရေးဆွဲရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ လူငယ်မူဝါဒမူကြမ်းရေးဆွဲရေးအဖွဲ့ဝင် တိုင်းဒေသကြီး၊ ပြည် နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ မသန်စွမ်းကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများနှင့် UNFPA မှ တာဝန်ရှိသူများတက်ရောက်ကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events