လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၇) ရက်နေ့၊ (၁၅းဝ၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ဆင်အင်းကြီး ကျေးရွာနေပြည်သူများအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၁၃၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)