
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီး ကျွန်းမြို့၊ ဒီးဒူးကုန်းကျေးရွာအုပ်စု၊ ဒီးဒူးကုန်းကျေးရွာရှိ ထူပါရုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲအားပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား (၁၂၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက် လာသူ ကျေးရွာပြည်သူများအား လက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေခြင်းနှင့် DAN Mobile Application ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)