လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများအား ပွင့်လင်းရာသီအတွင်း ရာသီအလိုက်ဖြစ်ပေါ်တတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် လေဘေးကြိုတင်ပြင်ဆင်ရေးကိစ္စများအား အလေးထားဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေးချက် များပါဝင်သည့် DAN mobile Application နှင့်သဘာဝဘေးကြုံတွေ့ပါက ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူနိုင်သည့် Kobo Collect Application Mobile အကြောင်းများ ရှင်းလင်းဆွေနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)