Author Archives: Aye Kyimann
-
သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေး ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၇.၂၀၁၈)ရက်နေ့ နံနက် (၀၈း၃၀)နာရီမှ (၁၆း၃၀)နာရီထိ၊ မိုင်းယန်းမြို့နယ် ထွေ/အုပ်အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းယန်းမြို့နယ် လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီကော်မတီ ဝင်များနှင့် မြို့မိ၊ မြို့ဖ စုစုပေါင်း (၈၀)ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိခြင်းနှင့် ထောက်ပံ့မှု ဆောင်ရွက်လျက်ရှိခြင်း
၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၉) ရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီး ရေလျှံမှုများဖြစ်ပွားလျှက်ရှိရာ ဇူလိုင်လ (၁၉)ရက်နေ့ အခြေအနေအရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၀)ကျော်မှ အိမ်ထောင်စု (၂၀၆) စု၊ လူဦးရေ (၁၀၄၁)ဦးနှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာမှ အိမ်ထောင်စု (၃၄)စု၊ လူဦးရေ (၁၉၈)ဦးတို့ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကာ ဆက်လက်ပြောင်းရွှေ့နေရကြောင်းသိရှိရပါသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ … Read more
-
ပြည်သူ့အကျိုးအတွက် ပြည်သူက ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း အလှူငွေပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား
ရန်ကုန်၊ ဇူလိုင် ၁၉ ရေချိုရရှိရေး အခက်အခဲကြုံတွေ့နေရသော ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေးရွာရှိ ပြည်သူများ အတွက် စက်ရေတွင်းတူးဖော်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအလှူငွေပေးအပ်လှူဒါန်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားရာတွင် “ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အောင်းကြီးကျေရွာရှိ ပြည်သူ များအနေဖြင့် နှစ်စဉ်ရေရှားပါးမှုနှင့် ရေချိုရေသန့်သောက်သုံးရန်အတွက် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ယခုလိုလှူဒါန်းမှုသည် လိုအပ်သောနေရာ၊ လိုအပ်သောအချိန်တွင် အမှန်တကယ်အသုံးပြုသဖြင့် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၈)ရက်နေ့တွင် ကျိက်လတ်မြို့နယ်၊ ကညင်ကုန်းကျးရွာအုပ်စု၊ ရွှေညောင်ပင််ကျေးရွာတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်နေအိမ်ပေါ်သို့လဲကျမှုကြောင့် နေအိမ်(၁)လုံး လဲပြိုပျက်စီးခဲ့ရာ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁)သိန်း၊ ဆန်ဖိုးငွေ(၇)ရက်စာ (၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စုစာတို့အား (၁၈-၇-၂၀၁၈)ရက်နေ့၌ ကွင်းဆင်းသွား ရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၁၇.၇.၂၀၁၈) ရက်နေ့ (၁၀း၃၅)အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၂၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ (၆၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၈၆၀၉၀၀/-)ကျပ်တို့အား (၁၇.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများနှင့်အတူ နတ်ညွှန်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgw_jul2018 Source: ရေစကြိုုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၁၈)ရက်နေ့ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၊ ကောင်းဟုန်းကျေးရွာ၊ လုံမိတ်ကျေးရွာ၊ ဆန်ခါကျေးရွာ၌ လတ်တလောထိတွေ့မှုများကြောင့် မန်စံကျးရွာအုပ်စု၊ မန်ဟော်ကျေးရွာ မန်ဟော်ဘုန်းတော်ကြီးကျောင်းနှင့် မန်စံကျေးရွာ၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆၅)စု၊ လူဦးရေ(၆၅၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၁၆၅)စုစာနှင့် ဆန်ဖိုး(၁၃၇၃၄၀၀)တို့အား နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် (၁၇-၇-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_jul2018 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စိန်ပုကျေးရွာအုပ်စု ကျွဲတဲကုန်းကျေးရွာတွင် (၁၃.၇.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၁၈.၇.၂၀၁၈)ရက်နေ့၊ (၁၀း၃၀)အချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများ၊သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2018 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၁၇.၇.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဝန်ကြီးများအဆင့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်မည့်ကိစ္စများ၊ အဆိုပါကမ္ဘာ့ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာအုပ်စု၊ မကျီးစင်ကျေးရွာနှင့် ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတို့၌ (၁၅.၇.၂၀၁၈) ရက်နေ့နှင့် (၁၆.၇.၂၀၁၈) ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂၀၅၉ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၄၅၆၅၉/-)ကျပ်တို့အား (၁၇.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၉:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
