
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စိန်ပုကျေးရွာအုပ်စု ကျွဲတဲကုန်းကျေးရွာတွင် (၁၃.၇.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၁၈.၇.၂၀၁၈)ရက်နေ့၊ (၁၀း၃၀)အချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများ၊သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးတို့နှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_jul2018
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)