
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၈)ရက်နေ့တွင် ကျိက်လတ်မြို့နယ်၊ ကညင်ကုန်းကျးရွာအုပ်စု၊ ရွှေညောင်ပင််ကျေးရွာတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်နေအိမ်ပေါ်သို့လဲကျမှုကြောင့် နေအိမ်(၁)လုံး လဲပြိုပျက်စီးခဲ့ရာ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁)သိန်း၊ ဆန်ဖိုးငွေ(၇)ရက်စာ (၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စုစာတို့အား (၁၈-၇-၂၀၁၈)ရက်နေ့၌ ကွင်းဆင်းသွား ရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jul2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)