လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၁၈)ရက်နေ့ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာ၊ ကောင်းဟုန်းကျေးရွာ၊ လုံမိတ်ကျေးရွာ၊ ဆန်ခါကျေးရွာ၌ လတ်တလောထိတွေ့မှုများကြောင့် မန်စံကျးရွာအုပ်စု၊ မန်ဟော်ကျေးရွာ မန်ဟော်ဘုန်းတော်ကြီးကျောင်းနှင့် မန်စံကျေးရွာ၊ ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆၅)စု၊ လူဦးရေ(၆၅၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၁၆၅)စုစာနှင့် ဆန်ဖိုး(၁၃၇၃၄၀၀)တို့အား နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် (၁၇-၇-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_jul2018
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)