ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က လာရောက်တွေ့ဆုံမှုသတင်း

18_Pic_01
နေပြည်တော်၊ ၁၇.၇.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဝန်ကြီးများအဆင့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်မည့်ကိစ္စများ၊ အဆိုပါကမ္ဘာ့ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ ကတိကဝတ်ပြုမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်နေသော မသန်စွမ်းသူများဆိုင်ရာဥပဒေနှင့် နည်းဥပဒေထုတ်ပြန်ထားမှုများ၊ အဆိုပါဥပဒေအရ မသန်စွမ်းဆိုင်ရာအဖွဲ့အစည်းများမှ မသန်စွမ်းကိုယ်စားလှယ်များကိုယ်တိုင် အဖွဲ့ဝင်အဖြစ်ပါဝင်သော မသန်စွမ်းသူများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်း တည်ထောင်ထားရှိမှု၊ (DFID)မှ မသန်စွမ်းသူများဆိုင်ရာမူဝါဒပိုင်းတွင် ဝန်ကြီးဌာနအား နည်းပညာပိုင်းဆိုင်ရာ ကူညီမည့်ကိစ္စ၊ (DFID)မှ ပညာရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ အားလုံးအကျုံးဝင်ပညာရေးအတွက် အကူအညီပေးရန်ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်း အဝေးတွင် လူမှုရေးကဏ္ဍအခြေခံမူသဘောတူညီချက်(၇)ရပ်တွင် မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအပါ အဝင် အမျိုးသမီးဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ၊ ပြဌာန်းပေးရန်ဟူ၍ သဘောတူညီချက်ရရှိမှု အခြေအနေနှင့်ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးစသည်တို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr
#npw_jul2018
Source:    MSWRR

Sign Up

Upcoming Events