
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၁၇.၇.၂၀၁၈) ရက်နေ့ (၁၀း၃၅)အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၂၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ (၆၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၈၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၈၆၀၉၀၀/-)ကျပ်တို့အား (၁၇.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတာဝန်ရှိသူများနှင့်အတူ နတ်ညွှန်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgw_jul2018
Source: ရေစကြိုုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)