
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာအုပ်စု၊ မကျီးစင်ကျေးရွာနှင့် ကွင်းကြီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတို့၌ (၁၅.၇.၂၀၁၈) ရက်နေ့နှင့် (၁၆.၇.၂၀၁၈) ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂၀၅၉ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၄၅၆၅၉/-)ကျပ်တို့အား (၁၇.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#ayy_jul2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)