Author Archives: Aye Kyimann

  • မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)နေ့တွင် (၀၉း၀၀)မှ (၁၁း၀၀)အထိ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ စေတီယျကျးရွာ၌ မုန်တိုင်းသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စေတီယျကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း(၁၄၀)ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက်မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများ မှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲကြော်ကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ သဘာဝဘေးအတွက်ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ … Read more

  • မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်လင်မြို့၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းခေါင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဦးစီးအရာရှိ (ဘေးစီမံ)မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများမှ သင်ခန်းစာများဆွေးနွေးဟောပြော ခဲ့ခြင်း၊ သင်တန်းသား/သူများမှ အဖွဲ့လိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ … Read more

  • ကျောင်းတွင်းအခြေပြုအသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရွေးချယ်ထားသော ကျောင်းသား/သူများ ကို ဦးစွာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လုပ်ဆောင်ရန်အတွက် ဆင့်ပွားသင်ကြားပေးခဲ့ပြီး မနက်ပိုင်းအစီအစဉ်ရပ်နားခဲ့ကာ နေ့လယ်ပိုင်းတွင် ၎င်းဆင့်ပွားသင်တန်းသားများမှ စာသင်ခန်းများအတွင်း တဆင့်ပြန်လည်သင်ကြားပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမား ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ/မ၊ … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ငလပွေ့ကျေးရွာတွင် ဖြစ်ပွားသောမီးဘေးအတွက်  လုံးဝပျက်စီးအိမ်တလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး တစ်အိမ်ထောင်စုစာနှင့် (၄)ဦးစာအတွက်တရက်လျှင်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာဆန်ရိက္ခာ(၇)ပြည်တို့အား (၁၁.၉.၂၀၁၈)ရက်နေ့တွင်  မီးဘေးဖြစ်ပွားရာကျေးရွာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_sep2018 Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက လာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ ၁၀.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။ ပူးပေါင်းလုပ်ငန်းစဉ် အမှုဆောင်ဒါရိုက်တာ ဦးစိုင်းစမ်ခမ်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက်သည့်နောက်ဆုံးအခြေအနေများ၊ တိုက်ပွဲရှောင်စခန်းတွင် အရွယ်ရောက်လာသော ကလေးများမှတ်ပုံတင် ရရှိရေးကိစ္စ များ၊ တိုက်ပွဲရှောင်ပြည်သူများ ၏မြေယာများတွင် တရုတ်ငှက်ပျောစိုက်ခင်းများ စိုက်ပျိုးနေ၍ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏မြေယာဆုံးရှုံးမည်ကို စိုးရိမ်ပူပန် မှုဖြစ်ပေါ်နေရသည့်အခြေအနေများ၊ တိုက်ပွဲရှောင် စခန်းများရှိ ကျောင်းသား/ကျောင်းသူများ … Read more

  • ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ နံနက် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံ အမက မူလွန်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၁၄၀)ဦးအား  ခရိုင်ဦးစီးမှူးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများအကြောင်း ကိုလည်းကောင်း၊ ငလျင်ဘေးနှင့် အခြားဘေးများ၏ ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_sep2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ အထက-ခွဲ ပုန်းထွန်တွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၆၀)ဦးအား  ခရိုင်ဦးစီးမှူးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများအကြောင်း ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး၊ ဒေါ်စန္ဒာရွှေမှ ငလျင်ဘေးနှင့် အခြားဘေးများ၏ ဆောင်ရန်ရှောင်ရန်များကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_sep2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခန့် ယင်းမြို့၏ … Read more

  • ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဘေးထောက်ပံ့ခြင်းသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈)ရက်နေ့ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ၏ အရှေ့ ဘက်(၄)မိုင်အကွာတွင် ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် (၉-၉-၂၀၁၈)ရက်နေ့ (၁၆း၀၀)အချိန် ထပ်တိုးစာရင်းအရ အသက်ဆုံးရှုံးခဲ့ရသော မိသားစုများထံသို့ သွားရောက်နှစ်သိမ့်စကားပြောကြားခြင်း၊ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး  သေဆုံးသူ(၅)ဦးအတွက် (၁၅၀၀၀၀၀/-)(ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)အား (၉-၉-၂၀၁၈)ရက်နေ့ (၁ရး၀၀)အချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊ အဆိုပါ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ(၈)ဦး၊ … Read more

  • လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့၌ (၈/၂၀၁၈) လတွင် ဖြစ်ပွားခဲ့သည့် လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများနှင့်အတူ (၇- ၉ -၂၀၁၈)ရက်နေ့တွင် အောက်ပါအတိုင်း ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည် – (၁) ညောင်တုန်းမြို့နယ် သပြုရေလယ်ကျွန်းကျေးရွာအုပ်စု ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ (၁၇ – ၈ -၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြို ဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး အိမ်ထောင်စု (၄၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more

Sign Up

Upcoming Events