
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ အထက-ခွဲ ပုန်းထွန်တွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၁၆၀)ဦးအား ခရိုင်ဦးစီးမှူးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများအကြောင်း ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး၊ ဒေါ်စန္ဒာရွှေမှ ငလျင်ဘေးနှင့် အခြားဘေးများ၏ ဆောင်ရန်ရှောင်ရန်များကို ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_eqk
#shn_sep2018
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)