မီးဘေးအတွက် ထောက်ပံ့မှုသတင်း

11_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ငလပွေ့ကျေးရွာတွင် ဖြစ်ပွားသောမီးဘေးအတွက်  လုံးဝပျက်စီးအိမ်တလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးတစ်သိန်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး တစ်အိမ်ထောင်စုစာနှင့် (၄)ဦးစာအတွက်တရက်လျှင်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာဆန်ရိက္ခာ(၇)ပြည်တို့အား (၁၁.၉.၂၀၁၈)ရက်နေ့တွင်  မီးဘေးဖြစ်ပွားရာကျေးရွာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#rke_sep2018
Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events