လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ လာရောက်တွေ့ဆုံခဲ့ပါသည်။
ပူးပေါင်းလုပ်ငန်းစဉ် အမှုဆောင်ဒါရိုက်တာ ဦးစိုင်းစမ်ခမ်း ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံရာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက်သည့်နောက်ဆုံးအခြေအနေများ၊ တိုက်ပွဲရှောင်စခန်းတွင် အရွယ်ရောက်လာသော ကလေးများမှတ်ပုံတင် ရရှိရေးကိစ္စ များ၊ တိုက်ပွဲရှောင်ပြည်သူများ ၏မြေယာများတွင် တရုတ်ငှက်ပျောစိုက်ခင်းများ စိုက်ပျိုးနေ၍ တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် ၎င်းတို့၏မြေယာဆုံးရှုံးမည်ကို စိုးရိမ်ပူပန် မှုဖြစ်ပေါ်နေရသည့်အခြေအနေများ၊ တိုက်ပွဲရှောင် စခန်းများရှိ ကျောင်းသား/ကျောင်းသူများ ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပေးရေးကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်မှုများ၊ ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများအတွင်း မူးယစ်ဆေးဝါး ပြဿနာများ၊ ရွှေ့ပြောင်းသွားလာမှု ဆိုင်ရာကိစ္စရပ်များ အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ UNDPမှ Country Director ဖြစ်သူ Mr. Peter Batchelor နှင့်တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံအစိုးရ က ရန်ပုံငွေထောက်ပံ့ပေးသည့် စီမံကိန်းများနှင့် ပတ်သက်၍ ပထမ(၆)လတိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များ၊ အဆိုပါစီမံကိန်းတွင် UNWomen အဖွဲ့ကဆောင်ရွက်မည့်အမျိုးသမီးများ စွမ်းပကားမြှင့်တင်ရေးအတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ ရေရှည် စီးပွားရေးအခွင့် အလမ်းများ ဖေါ်ဆောင်ပေးခြင်းများ၊ လူမှုသဟဇာတဖြစ်ထွန်းရေးဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ယခင်တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ရခိုင်ကော်မတီ အကြံပေးအဖွဲ့ဝင်ဟောင်းဖြစ်သည့် Mr. Roelf Meyer နှင့်အဖွဲ့အားတွေ့ဆုံရာတွင် ၎င်း၏ရခိုင်ပြည်နယ် ခရီးစဉ်နှင့်ပတ်သက်၍ တွေ့ရှိခဲ့ရသော အချက်အလက်များ ၊ရခိုင်ပြည်နယ်လူ့အသိုင်းအဝိုင်းနှစ်ခုကြားတွင် တည်ရှိနေသော အကြောက်တရားများ၊ သတင်းအချက်အလက်အလွဲအမှားများနှင့် စိတ်ဝမ်းကွဲပြားမှုများအားကျော်လွှာ၍ လူမှုသဟဇာတ မျှတဖြစ်ထွန်းရေး ဆောင်ရွက်ရန် လုပ်ဆောင်နိုင်မည့်အခြေအနေများ၊ လူ့အသိုင်းအဝိုင်းနှစ်ခုကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးများ ဖန်တီးပေးရန် လိုအပ်မှုအခြေအနေများ၊ အမျိုးသမီးများအခွင့်အရေး၊ အလုပ်အကိုင်အခွင့် အလမ်းနှင့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ မူးယစ် ဆေးဝါး သုံးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် စိတ်ဒဏ်ရာဒုက္ခများ ပြန်လည်သက်သာရာရစေရေးတို့နှင့်စပ်လျဉ်း၍ အမျိုးသမီးဖိုရမ်တစ်ရပ် ကျင်းပရေးတို့အား ရင်းနှီး ပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
#hl1
#npw_sep2018
Source: MSWRR