မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျင်းပပြုလုပ်မှုသတင်း

11_Pic_01 11_Pic_02 11_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်လင်မြို့၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းခေါင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဦးစီးအရာရှိ (ဘေးစီမံ)မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများမှ သင်ခန်းစာများဆွေးနွေးဟောပြော ခဲ့ခြင်း၊ သင်တန်းသား/သူများမှ အဖွဲ့လိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar
#shn_sep2018
Source:   ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events