
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈)ရက်နေ့ ဂန့်ဂေါ်ခရိုင်၊ ဆောမြို့နယ်၊ ကျောက်ဆွဲကျေးရွာအုပ်စု၊ ကျောက်မြောင်းကျေးရွာ၏ အရှေ့ ဘက်(၄)မိုင်အကွာတွင် ဖြစ်ပွားခဲ့သော ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် (၉-၉-၂၀၁၈)ရက်နေ့ (၁၆း၀၀)အချိန် ထပ်တိုးစာရင်းအရ အသက်ဆုံးရှုံးခဲ့ရသော မိသားစုများထံသို့ သွားရောက်နှစ်သိမ့်စကားပြောကြားခြင်း၊ ဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး သေဆုံးသူ(၅)ဦးအတွက် (၁၅၀၀၀၀၀/-)(ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)အား (၉-၉-၂၀၁၈)ရက်နေ့ (၁ရး၀၀)အချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊
အဆိုပါ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ(၈)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ(၁)ဦးရှိခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သေဆုံးသူ(၈)ဦးအတွက် ထောက်ပံ့ငွေ(၂၄၀၀၀၀၀/-)၊ ထိခိုက် ဒဏ်ရာရရှိသူ(၁)ဦးအတွက် (၅၀၀၀၀/-)၊ စုစုပေါင်း (၂၄၅၀၀၀၀/-)(ကျပ်နှစ်ဆယ့်လေးသိန်းငါးသောင်းတိတိ)တို့အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_otr
#mgy_sep2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)