ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း ဆွေးနွေးဟောပြောမှုသတင်း

10_Pic_04 10_Pic_05 10_Pic_06
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၉.၂၀၁၈)ရက်နေ့ နံနက် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံ အမက မူလွန်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၁၄၀)ဦးအား  ခရိုင်ဦးစီးမှူးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများအကြောင်း ကိုလည်းကောင်း၊ ငလျင်ဘေးနှင့် အခြားဘေးများ၏ ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar_eqk
#shn_sep2018
Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events