
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရွေးချယ်ထားသော ကျောင်းသား/သူများ ကို ဦးစွာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လုပ်ဆောင်ရန်အတွက် ဆင့်ပွားသင်ကြားပေးခဲ့ပြီး မနက်ပိုင်းအစီအစဉ်ရပ်နားခဲ့ကာ နေ့လယ်ပိုင်းတွင် ၎င်းဆင့်ပွားသင်တန်းသားများမှ စာသင်ခန်းများအတွင်း တဆင့်ပြန်လည်သင်ကြားပြီး ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအား ဆောင်ရွက်ခဲ့ကြပါသည်။ အခမ်းအနားတွင်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမား ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ဆရာ/မ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၁၈၀၀)ဦး ခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_simex_eqk
#ayy_sep2018
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)