
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်တို့၌ (၈/၂၀၁၈) လတွင် ဖြစ်ပွားခဲ့သည့် လေဘေးနှင့် ကမ်းပြိုဘေးတို့အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများနှင့်အတူ (၇- ၉ -၂၀၁၈)ရက်နေ့တွင် အောက်ပါအတိုင်း ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည် –
(၁) ညောင်တုန်းမြို့နယ် သပြုရေလယ်ကျွန်းကျေးရွာအုပ်စု ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ (၁၇ – ၈ -၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြို ဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄၈)လုံးနှင့် ဓမ္မာရုံ (၁)လုံး အိမ်ထောင်စု (၄၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၉၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၀၃)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၂၆၃၀၀/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၅၃၂၆၃၀၀/-)ကျပ်တို့အား (၁၀း၀၀)နာရီချိန်တွင်လည်းကောင်း၊
(၂) ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျးရွာ၌ (၁၇ – ၈ -၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၂၆၀၀/-) ကျပ်တို့ အား (၀၉း၁၅)နာရီချိန်တွင် လည်းကောင်း၊
(၃) ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၌ (၂၀ – ၈ – ၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁)လုံး အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်တို့အား (၁၀း၀၀)နာရီချိန်တွင် လည်းကောင်း၊
(၄) ညောင်တုန်းမြို့နယ်၊ မြမ္မာပြသာကျးရွာအုပ်စု၊ ရွာသာကြီးကျေးရွာ၌ (၂၁ – ၈ -၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၅၈)လုံး အိမ်ထောင်စု (၅၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၅၈၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၂၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၈၉၃၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၆၂၈၉၃၀၀/-)ကျပ်တို့အား (၁၁း၃၀)နာရီချိန်တွင် လည်းကောင်း၊
(၅) မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းတာကွင်းကျေးရွာ၌ (၁၈ – ၈ -၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြို ဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆၈၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၂၁၆၈၀၀/-)တို့အား (၀၈း၃၀)နာရီချိန်တွင် လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ha_rbe
#ayy_aug2018
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)