
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)နေ့တွင် (၀၉း၀၀)မှ (၁၁း၀၀)အထိ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ စေတီယျကျးရွာ၌ မုန်တိုင်းသဏ္ဍာန် တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စေတီယျကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း(၁၄၀)ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက်မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများ မှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲကြော်ကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ သဘာဝဘေးအတွက်ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသောဒေသများတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့် ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များထိခိုက်မှုသက်သာစေမည်ဖြစ်ပါသဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#simex_str
#rke_sep2018
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)