Author Archives: Aye Kyimann

  • ဒုတိယဝန်ကြီး ဦးစိုးအောင်အား CTFMR ၏ Co-Chairs များမှ လာရောက်တွေ့ဆုံမှုသတင်း

    ဧပြီ ၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား  Country Task Force on Monitoring and Reporting (CTFMR)၏ Co- Chairs များဖြစ်သူ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostbyနှင့် UNICEF၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်မှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် … Read more

  • ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်များ အတွက် ထောက်ပံ့ထားရှိမှုအခြေအနေများ

    ၄-၄-၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးကြောင့်ဖြစ်စေ၊ လူကြောင့်ဖြစ်သော ဘေးဖြစ်စေ ဘေးဒုက္ခကြုံတွေ့ရသူ များအား စားနပ်ရိက္ခာနှင့် အစားအစာမဟုတ်သော အခြားပစ္စည်းများအပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဘေးသင့်သူများ၏ လိုအပ်ချက်များအရ အချိန်နှင့်တပြေးညီ ထောက်ပံ့ခြင်းကို မိမိဝန်ကြီးဌာနအပြင် ဆက်နွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်း မှစ၍ မြန်မာ့တပ်မတော်နှင့် AA သောင်းကျန်းသူ အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရခိုင် ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်၊ … Read more

  • လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၄.၂၀၁၉) ရက်နေ့တွင် ဇရပ်ဆိပ်ကျေးရွာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့်ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာမှ လေပြင်း ဒဏ်ခံနိုင် ရည်အားနည်းသည့် နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် ပြုပြင်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧပြီလ(၄)ရက်နေ့တွင် ပင်းတယမြို့နယ်၊ နောင်ရဲကျေးရွာ၊ မိုင်းအင်ကျေးရွာ၊ ပန်းမက်ကျေးရွာနှင့် ဖောင်းပြင်ကျေးရွာများရှိ နေအိမ်များအား လေပြင်းဘေးဒဏ်ခံနိုင်စေရေးအတွက် အမိုး၊ အကာများပြုပြင်ခြင်း၊ နေအိမ်များပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လေပြင်းဘေးဒဏ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင် ဝေငှပေးခြင်းတို့ကို ကျေးရွာများအတွင်းရှိ လေပြင်းဘေးကြိုတင်ကာကွယ်ရေးအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #shn_apr2019 Source:    ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း (၃၁.၃.၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် သွပ်များ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၂)လုံးတို့ အတွက်  ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး အိမ်ခြေ(၂)လုံးစာနှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-) ကျပ်တိတိတို့အား (၄.၄.၂၀၁၉)ရက်နေ့(၁၄းဝဝ)နာရီအချိန်တွင် ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source:    ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာတွင် (၂.၄.၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၁)စုမှ လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)နှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀၀/-)ကျပ် ရန်ပုံငွေစုစုပေါင်း (၂၁၄၇၀ဝ/-)ကျပ်တို့အား (၄.၄.၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #kyh_apr2019 Source:    ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ နယ်မြေ(၅)၌ (၃၀-၃-၂၀၁၉) ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၂)စုအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၇)ဦးအတွက် တစ်ပတ်စာ ဆန်ဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၃၅,၇၀၀)ကျပ်အား (၃-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူ များလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_apr2019 Source:   … Read more

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်ဟောင်းတုန်း အုပ်စု၊ ဆားမှော်ကျေးရွာနှင့် နမီးအုပ်စု၊ နားမကျိုင်း ကျေးရွာများတွင် (၂.၄.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခိုက် မှုကြောင့် ပြိုလဲအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် အမိုးလန်နေအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများ ထံသို့ (၄.၄.၂၀၁၉)တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source:    ကသာခရိုင်စီးမှူးရုံး … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အောင်ချမ်း သာကွက်သစ်ရှိ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ (၅၀၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀)အား (၃.၄.၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source:    မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)

Sign Up

Upcoming Events