
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ နယ်မြေ(၅)၌ (၃၀-၃-၂၀၁၉) ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၂)စုအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၇)ဦးအတွက် တစ်ပတ်စာ ဆန်ဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၃၅,၇၀၀)ကျပ်အား (၃-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူ များလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_apr2019
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)