
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေ ရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အောင်ချမ်း သာကွက်သစ်ရှိ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ (၅၀၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀)အား (၃.၄.၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_apr2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)