
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ အင်းတော်မြို့နယ်ဟောင်းတုန်း အုပ်စု၊ ဆားမှော်ကျေးရွာနှင့် နမီးအုပ်စု၊ နားမကျိုင်း ကျေးရွာများတွင် (၂.၄.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခိုက် မှုကြောင့် ပြိုလဲအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် အမိုးလန်နေအိမ်(၁)အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၆)မျိုး (၁)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများ ထံသို့ (၄.၄.၂၀၁၉)တွင်
သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ကသာခရိုင်စီးမှူးရုံး (ဘစမ)