လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား Country Task Force on Monitoring and Reporting (CTFMR)၏ Co- Chairs များဖြစ်သူ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostbyနှင့် UNICEF၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်မှ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို (၇.၁.၂၀၁၉) ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ပထမအကြိမ်အစည်းအဝေးကို (၂၁.၁.၂၀၁၉)ရက် နေ့က ကျင်းပခဲ့မှုများ၊ ထို့နောက်လုပ်ငန်းကော်မတီဖွဲ့စည်း၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကြီးလေးသော ကျူးလွန်မှု(၆)ရပ်နှင့် ပတ်သက်၍ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကလေးသူငယ်ဥပဒေ ပြင်ဆင်ရေးဆွဲဆောင်ရွက်နေမှုများနှင့် မကြာမီအတည်ပြုနိုင်တော့မည့် အခြေအနေများ၊ CTFMR ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။
#hl2_otr
#npw_apr2019
Source: MSWRR