Author Archives: Aye Kyimann
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
========================================= “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေ ကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။”
-
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း =========================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၏ (၁၈-၁၀-၂၀၁၉)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားအား ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီအသင်း၏ဦးဆောင်မှုဖြင့် INGO NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဘိုကလေးမြို့ ချိုကြည်တန်ဆောင်း၌ (၂၀-၁၀-၂၀၁၉) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အခမ်းအနား “International Day For Disaster Risk Reduction-IDDRR” ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” “BUILD TO LAST” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဖတ်ကြားခဲ့ပါသည်။ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၀.၂၀၁၉) ရက်နေ့ မိုင်းပျဉ်းမြို့၊ လွယ်လုံကျေးရွာအုပ်စု လုဝိုင်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၅၀၀) ကျပ်၊ စုစုပေါင်း (၂၁၀၅၀၀) ကျပ်နှင့် ပလက်စတစ်ပုံး ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုးတို့ကို … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ ကုန်းစုကျေးရွာတွင် (၁၇.၁၀.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် သေဆုံးသူဦးသန်းအောင် အသက် (၅၁) နှစ်အတွက် ထောက်ပံငွေကျပ် (၃၀၀၀၀ဝ/-)ကို (၁၉-၁၀-၂၀၁၉)ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_oct2019 Source: MSWRR
-
ဘေးသင့်ဒေသများရှိ ဘေးသင့်ပြည်သူများအတွက် ငွေများနှင့်ပစ္စည်းများကို နှင်းဆီရင်ခွင် လူမှုဖောင်ဒေးရှင်းအဖွဲ့က လာရောက်လှူဒါန်းမှုသတင်း
အောက်တိုဘာ ၁၉၊ ရန်ကုန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၌ မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေနှင့် ပစ္စည်းများကို လက်ခံခဲ့ပါသည်။ ရှေးဦးစွာ နှင်းဆီရင်ခွင်လူမှုဖောင်ဒေးရှင်းအဖွဲ့၊ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်း များ လာရောက်လှူဒါန်းရခြင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးအန္တရာယ်ကျရောက်ခံစားခဲ့ရသော ဒေသများအတွင်းရှိ ဘေးသင့်ပြည်သူများအတွက် ကူညီ ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းအဖွဲ့သားများက … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၄)တွင် (၂-၁၀-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၉၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၉၄၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၂) စုစာတို့ကို (၁၉-၁၀-၂၀၁၉)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် လယ်ကုန်းရပ်ကွက်၊ နယ်မြေ … Read more
-
လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၊ သုံးအိမ်စုကျေးရွာ၌ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-)၊ လူဦးရေ (၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၁၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၅၂၁၀၀/-) ကျပ်တို့ကို (၁၉-၁၀-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း =========================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာဧည့်ခံခန်းမ၌ (၁၈.၁၀.၂၀၁၉) ရက်နေ့(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNICEF မှ Representative Ms.June Kunugi က ဖတ်ကြားခြင်းနှင့် အစိုးအဖွဲ့ဝင်ဝန်ကြီးများ တိုင်းအဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ်များမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ အထက်တန်း နှင့်အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲမှ … Read more
