Author Archives: Aye Kyimann

  • ရေနည်းမည့် အခြေအနေသတင်း

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၂.၁၂.၂၀၁၉)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရေနည်းမည့် အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေး မြို့တွင် (၃၅၈)စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့ ၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက် ဆက်လက်တည်ရှိနိုင်ပါသည်။

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်မှု ညှိနှိုင်းဆွေးနွေး

    ဒီဇင်ဘာလ၊ ၂၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်များ အောင်မြင်စေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး ဝန်ကြီးဌာန အသီးသီးက  တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းတာဝန်များမတူညီကြသော်လည်း … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

      ဒီဇင်ဘာ ၂၀၊ နေပြည်တော်   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။   တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ(၁၂)ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့မှုအနေနှင့် အစိုးရအပြောင်းအလဲများ၊ ဗြိတိန်နိုင်ငံတွင် ကျင်းပရန် လျာထားသည့် “Preventing Sexual Violence in Conflict International Conference” ညီလာခံအား ရက်ရွှေ့ဆိုင်းခဲ့ရခြင်းနှင့် ညီလာခံပြန်လည်ကျင်းပနိုင်ရန် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ကို ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၅) ဦးတို့ တက်ရောက်ပြီး ဝက်လက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။  သင်တန်းကာလမှာ (၁၈-၁၂-၂၀၁၉)ရက်နေ့မှ (၂၀-၁၂-၂၀၁၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2019 Source:    ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့ပေါ်ရှိလမ်းမ ဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနှင့် ဘူးသီးတောင်မြို့နယ်၊စေတီတောင်ကျေးရွာနှင့် ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုစုပေါင်း စုရပ်စခန်း (၄) ခုတွင် ရိက္ခာ ထပ်မံလိုအပ်လျှက်ရှိသော တိုက်ပွဲ ရှောင်ပြည်သူအိမ်ထောင်စု (၁၁၇၉)စု၊ လူဦးရေ(၅၄၁၀)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၇၈၈)အိတ်(၂၃)ပြည်တို့ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Sourrce:  မောင်တောခရိုင်ဦးစီးမှူးရုံး၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ စံပြကျေးရွာ၌ (၁၂-၁၂-၂၀၁၉) ရက်နေ့၊ (၀၉:၁၅)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၆) ဦး ဘေးသင့် ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (၁)အိမ်ထောင်စာတို့ကို (၁၃-၁၂-၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၉) ရက်နေ့ ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု စပူပြင်ကျေးရွာ မီးဘေးမှ မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး တစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ တစ်သိန်းနှင့် လူ(၃)ဦးအတွက် ဆန်ဘိုး (၆၃၀၀) ကျပ်တို့ကို (၁၄.၁၂.၂၀၁၉)ရက်နေ့ နေ့လည် (၁:ဝဝ)နာရီအချိန်တွင် မြိတ်ခရိုင်ဘေးစီမံမှ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_dec2019 Source:   မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်း မြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် စာရေးကိရိယာများ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စု၊ ခေကွဲကျေးရွာတွင် မိုင်းနင်းမိ၍ ဒါဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်ကို (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ကျောက်မဲမြို့ပြည်သူ့ ဆေးရုံကြီးတွင် ခရိုင်ဆေးရုံအုပ်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုက်ပွဲရှောင်ကော်မတီများနှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့‌‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_dec2019 Source:      ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events