လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘို ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ကို ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၅) ဦးတို့ တက်ရောက်ပြီး ဝက်လက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၈-၁၂-၂၀၁၉)ရက်နေ့မှ (၂၀-၁၂-၂၀၁၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)