လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စု၊ ခေကွဲကျေးရွာတွင် မိုင်းနင်းမိ၍ ဒါဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်ကို (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ကျောက်မဲမြို့ပြည်သူ့ ဆေးရုံကြီးတွင် ခရိုင်ဆေးရုံအုပ်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုက်ပွဲရှောင်ကော်မတီများနှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)