ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

20_Pic_03

 
ဒီဇင်ဘာ ၂၀၊ နေပြည်တော်
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Dan Chugg အား ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
 
တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဒီဇင်ဘာလ(၁၂)ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့မှုအနေနှင့် အစိုးရအပြောင်းအလဲများ၊ ဗြိတိန်နိုင်ငံတွင် ကျင်းပရန် လျာထားသည့် “Preventing Sexual Violence in Conflict International Conference” ညီလာခံအား ရက်ရွှေ့ဆိုင်းခဲ့ရခြင်းနှင့် ညီလာခံပြန်လည်ကျင်းပနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ မကြာမီ ဇန်နဝါရီလအတွင်း ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လေ့လာမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_dec2019
Source: MSWRR

Sign Up

Upcoming Events