ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် WFP Myanmar မှ Country Director တို့အား သီးခြားစီလက်ခံတွေ့ဆုံမှုသတင်း

20_Pic_01 20_Pic_02

ဒီဇင်ဘာ ၁၉၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း ရေးမှူးဖြစ်သူ Mr. Ola Almgren နှင့် WFP Myanmar မှ Country Director ဖြစ်သူ Mr. Stephen Anderson တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံကြပါသည်။

ရှေးဦးစွာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ola Almgren နှင့်တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခုက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေး အန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းများအား လူမျိုး၊ဘာသာ၊ ကျား/မ ခွဲခြားဆက်ဆံမှုမရှိဘဲ သာတူညီမျှ ဆောင်ရွက်နေမှုများ၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များအပါအဝင် သက်ဆိုင်ရာပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ရေရှည်တည်တံ့မည့်ဖြေရှင်းဆောင်ရွက်ချက်များ ရှာဖွေဖော်ထုတ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ ပဋိပက္ခအတွင်း အမျိုးသမီးများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု များမှ တားဆီးကာကွယ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အထူးကိုယ်စားလှယ်ရုံးများနှင့် ပူးတွဲသဘောတူစာချုပ်များ လက်မှတ်ရေးထိုး၍ လုပ်ငန်း စီမံချက်များ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနှင့်အညီ သက်ဆိုင်ရာဒေသများအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက် သွားမည့်အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရေတို၊ရေရှည်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူညီပေးအပ် ဆောင်ရွက်နေမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် လူမှုသဟဇာတမျှတရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် WFP Myanmar မှ Country Director ဖြစ်သူ Mr. Stephen Anderson နှင့်တွေ့ဆုံရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုများအား စနစ်တကျ ထိရောက်စွာဆောင်ရွက်နိုင်ရေး နည်းပညာအသုံးပြုနိုင်ရန်နှင့် စီမံခန့်ခွဲမှု အထောက်အကူပြု သတင်းစနစ်ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများရှိ ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့မှု ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ထောက်ပံ့မှုအခြေအနေများ ထိရောက်မှု ရှိ/မရှိ စောင့်ကြပ် ကြည့်ရှုစစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေများ၊ စားနပ်ရိက္ခာထောက်ပံ့မှုများတွင် အဓိကဖြစ်သည့်ဆန်တွင် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်စေနိုင်ရေး အားဖြည့်ဆန် ပြုလုပ်၍ ဖြန့်ဖြူးပေးနိုင်မည့်အခြေအနေများ၊ ယာယီခိုလှုံရာစခန်းများရှိ မသန်စွမ်းသူများအား ပိုမိုထောက်ပံ့ ကူညီပေးနိုင်ရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_dec2019

Source:  MSWRR

 

Sign Up

Upcoming Events